ရိုးရိုးရှင်းရှင်းနဲ့ Random Number Generator လေးတစ်ခု ဘယ်လိုရေးမလဲ?

 

ကံစမ်းမဲ တွေဖောက်တာ တွေတွေ့နေရတော့ ကံစမ်းမဲ နှိက်လို့ရတဲ့ Random Number လေးလုပ်လို့ရတဲ့တစ်ခုလုပ်မယ်ပေါ့ ကျနော်လုပ်ထားတာက ရိုးရိုးရှင်းရှင်းလေးပါ User ကို ပြောမယ် Random number လုပ်တဲ့ဟာပေ့ါ No.0 ကနေ ဘယ်ထိလုပ်ချင်လဲ User ကိုယ်တိုင် အောက်က input box ထဲ နံပါတ်ထည့် ပြီးရင် အနီရောက် button ကို click ရင် number တွေ random လုပ်သွားလိမ့်မယ်။

video ကြည့်ချင်ရင်တော့ link = > ( https://www.facebook.com/100013010282058/videos/1066834583760208/ )

ပုံစံကတော့ ကြိုက်သလိုလုပ်လို့ရတော့ ကျနော် Javascript လေးပဲပြောပြသွားပါမယ် 

function Random(){
var n = parseInt(document.getElementById('num').value);
var r = Math.floor(Math.random() * n)+1;
document.getElementById('display').innerText = r;
}

Function တစ်ခု တည်ဆောက်လိုက်ပါ 

ပြီးတော့ variable တစ်ခု တည်ဆောက်မယ် ဘာအတွက်လဲဆိုတော့ user input လုပ်လိုက်တဲ့ box ထဲက တန်ဖိုးလိုချင်လို့ပါ အဲ့ box မှာ id="num" လို့ပေးထားပါတယ်

နောက် variable က random လုပ်လိုက်ပြီးထွက်လာ တဲ့ တန်ဖိုးကိုယူဖို့ဖြစ်ပါတယ် 

random လုပ်ဖို့ က Math.random ဆိုပြီးပါပြီ ဒါပေမဲ့ ဒသမ ကိန်းတွေ မလိုချင်တော့ အရှေ့ကနေ Math.floor ထည့်လိုက်တာပါ n ကတော့အပေါ်က variable  ပါ

နောက်တစ်ကြောင်းက တော့ output ထုပ်ပေးမဲ့ အကြောင်းဖြစ်ပါတယ်။

၀င်ရောက်ဖတ်ရှုပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်။

Comments

Popular posts from this blog

ဖုန်းထဲက ဘယ် Apps တွေနဲ့ programming လေ့လာလို့ရမလဲ?

Cool Shadow Effect HTML+CSS